Name - Senryuu shoujo Duration - 12min per episode Genre - Romance, Comedy, Slice of life, School Total episode - 12 episode Review- Karai အထက်တန်းကျောင်းမှ ကျောင်းသူလေး Nanako Yukishiroရဲ့အသက်ဟာ၁၆နှစ်ရှိပြီး လှပချောမောတည်ငြိမ်အေးဆေးတဲ့သူလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူမဟာအခြားသူတွေနဲ့မတူတာက သူမက စကားပြောလို့မရပါဘူး အဲ့ဒီအစားသူမဟာ Senryuu (ကဗျာအလင်္ကာတစ်မျိုး)နဲ့ လူတွေနဲ့ ကဗျာပုံစံကိုချရေးပြီးပြောဆိုဆက်ဆံပါတယ်။ တစ်ဖက်မှာ အသက်၁၆နှစ်Eiji Busujimaတစ်ယောက်ဟာ အလယ်တန်းကျောင်းတည်းက ဆိုးလေ့ဆိုးထရှိခဲ့ပေမဲ့ သူဟာ သူ့ရဲ့အကြိုက် Senryuuကိုရှာတွေ့ပြီးနောက်ပိုင်း သူ့ရဲ့ဘဝဟာ လုံးဝပြောင်းလဲပြီး ပိုပြီးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာပါတယ်။ ကြောက်မက်ဖွယ်ရာ သူ့ရဲ့မျက်နှာကလွဲရင်သူဟာ Nanakoဆိုတဲ့ကောင်မလေးနဲ့ ရသစာပေအသင်း(Literacture Club)မှာ အသင်းဝင်တစ်ယောက်အနေနဲ့ အဆင်ပြေနေပါတယ်။ Nanakoဟာ အသံသာတိတ်ပေမဲ့ ဒီချစ်စရာကောင်းတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုဆက်ဆံရာမှာ ဘာပြဿနာမှမရှိခဲ့ပါဘူး။ Senryuu Shoujoဟာ အပျော်တမ်း ဆယ်ကျော်သက်ဘဝရဲ့ ရသတွေနဲ့ စိတ်အပန်းဖြေရာ ဇာတ်လမ်းတွဲကောင်းလေးတ